ဖျာပုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးလျက်ရှိ

ဖျာပုံ      နိုဝင်ဘာ     ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိကာ ရပ်ကွက်/ကျေးရွာများအား နေ့ရက်အလိုက် အုပ်စုခွဲ၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ ကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ နေရာချထားပြီး၊ ရပ်ကွက်/ကျေးရွာအလိုက် နေ့ရက်များခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ရာ၊ ဖျာပုံမြို့ သီရိအဏ္ဍဝါခန်းမတွင် ဆေးထိုးစုရပ်ထားရှိပြီး သက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)