မြောင်းမြ နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ သိပညာပေး (Talk Show) ကို ယနေ့ နံနက် (၉း၀၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်အိအိခင်က လူမှုဝန်ထမ်း ဦးစီးဌာန၏လုပ်ငန်းကြီး(၇)ရပ်၊ မသန်စွမ်းသူအခွင့်အရေး ဥပဒေပါ အကြောင်းအရာများ၊ မသန်စွမ်းသူနှင့် မသန်စွမ်းမှုအဓိပ္ပါယ်၊ မသန်စွမ်းမှုအမျိုးအစား အလိုက်သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှုနှင့် မြောင်းမြခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် မသန်စွမ်းသူများ ထောက်ပံပေးမှုများကို ဆွေးနွေးပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးအရာရှိ ဒေါ်စန္ဒာကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေနိုင်သော ဆွေးနွေးပွဲ (Talk show)များ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာကြည်