သတင်းများ

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Nov 10,2021
လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ဆက်လက်ကူးစက် ပျံ့နှံ့ နေမှုအခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေး ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့နယ်အတွင်း၌ အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပန်း​တောင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များ လွှဲပြောင်းပေးအပ်
Nov 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၁- ၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလ မှ မတ်လအထိ) (၆)လ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ၊အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် (၇)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူ၏ ရင်တွင်းစကားသံ
Nov 10,2021
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးတွင် နေထိုင်သော မနန်းခေါင်ခလိန်းအား ယခုလိုပဲသွား ရောက်တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Nov 10,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရ သည်။ 
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား တတိယအသုတ်၊ပထမအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Nov 10,2021
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားပထမ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီကစတင်၍မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံ ပေး လျက်ရှိကြောင်း သိရ သည်။ 
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဈေးမှ ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ (RDT) Tesk Kit ဖြင့် အခမဲ့စစ်ဆေးပေး
Nov 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအမြန်ဆုံး လျော့ချနိုင်ရေးအတွက် ဆိုက်ခေါင်ဈေးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က (RDT)Tesk Kit ဖြင့်တာဝန်ရှိသူများမှစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် ပဲခူး- စစ်တောင်းတူးမြောင်း အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Nov 10,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတပေါများ ကြွယ်ဝစေရန်နှင့် ငါးထုတ်လုပ်မှု တိုးတက်စေရန်အတွက် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် (၈) နာရီခွဲက ဝေါမြို့ကန်တော်ရပ်ကွက်ရှိ ပဲခူး-စစ်တောင်း တူးမြောင်း အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။