ညောင်ဦး နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ သတ်မှတ်စုရပ်အသီးသီးအပြင်ဝေးလံ သည့်နေရာများ အထိ သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း နိုဝင်ဘာ ၁၀ရက်နေ့ထိ ဒုတိ ယအသုတ် ဒုတိယအကြိမ် ၁၉၁၉၀ဦးထိုးနှံပေးပြီးဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ် ရေးအဖွဲ့ထံ ကသိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ဒုတိယအသုတ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ စုရပ်နေရာများဖြစ်သော ရွှေစည်းခုံစေတီတော်ဝင်းရှိ မဟာ ဝေဇယန္တာဗိမ္ဗာန်တော်တွင်လည်းကောင်း၊ ပုဂံမြို့ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် လည်းကောင်း၊ ငါ့သရောက်မြို့ ၊တိုက်နယ်ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊တောင်ဇင်း အခြေခံ ပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ စဉ့်ကူးတိုက်နယ် ပြည်သူ့ဆေးရုံတွင် လည်းကောင်း၊ သတ်မှတ်စုရပ်အသီးသီးတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အသက် ၁၈နှစ်အထက်၊ ပြည်သူများ၊ ၄၀နှစ်အထက်ပြည်သူများနှင့် ၅၀နှစ်အထက်ပြည်သူများ အားထိုးနှံပေးလျက်ရှိကြောင်း၊ ညောင်ဦးမြို့နယ်တွင် ဝေးလံသည့်နေရာများကိုလည်း နယ်လှည ကွင်းဆင်းဆေးထိုးအဖွဲ့များဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးပေး လျက်ရှိပြီး ကမ္မကျေးရွာ၊ အရာတော်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့ခြင်း အားဖြင့် ခရီးစရိတ်သက်သာစေပြီး အလုပ်အကိုင်လည်းမ ပျက်စေကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ၁၉၁၉၀ ဦးထိုးနှံပေးလျက်ရှိကာ ဝေးလံသည့်ကျေးရွာ များသို့လည်း ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့်ချိတ်ဆက်၍ နယ်လှည့်ကွင်းဆင်းထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ကိုထိန်၊KPD