ဒေးဒရဲမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ  နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာချစ်ဦးညို ရေးသားသော တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဥ်ကျေးမှုမျက်နှာစာ စာအုပ်ပါ ယဥ်ကျေးမှုမျက်နှာစာမှာ နတ်ကိုးကွယ်မှုဟာ အနှောက်အယှက် အမှားဟူ၍ ထင်မြင်ယူဆမိပါသလား။ ယနေ့လူငယ်များ၏ အခြေအနေသည် လွန်ခဲ့သော၁၀နှစ်ကနှင့် နှိုင်းယှဥ်လျှင် တိုးတက်နေသလား၊ ဆုတ်ယုတ်နေသလား စသည့် လူငယ်အမေး စာရေးဆရာ အဖြေကဏ္ဍများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးသိန်းမောင်နှင့် စာပေချစ်သူများက ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇာလင်း