မော်လိုက် နိုဝင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမှ ကာကွယ် နိုင်ရန်နှင့် ကျန်းမာပျော်ရွှင်စွာဖြင့် ပညာများသင်ယူနိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ် အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ဆေးထိုးစုရပ် လေးခုတို့တွင် ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခွင့်ရရှိသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံတပ်မတော် ဆေးတပ်ဖွဲ့မှ သူနာပြုများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာရင်း မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းနှင့် အခြားကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူ များအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအနေဖြင့် အောက်တိုဘာလ တတိယပတ်တွင် ပထမအကြိမ် အနေဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၄၃၄)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ယနေ့တွင် ကျောင်းသား/သူ စုစုပေါင်း(၃၇၀)ဦးတို့အား ကိုဗစ် ကာကွယ်ဆေးများ ပထမအကြိမ် ထပ်မံထိုးနှံပေးနိုင်ခဲ့သည့် အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ ပေါင်း(၁၈၀၄)ဦးတို့အား ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးနိုင်ပြီဖြစ်ပြီး ကျန်ရှိသူများကိုလည်း သတ်မှတ် ဆေးထိုး စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်သားလေး