ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ငါးသိုင်းချောင်း နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၊အမျိုးသားခန်းမ ကာ ကွယ်ဆေးထိုးစုရပ်၌ ယနေ့နံနက်ပိုင်းက  ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး ထိုးနှံထားပြီးသူများအား (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ စတုတ္ထအကျော့ (ပထမအကြိမ်)ကာကွယ် ဆေး စတင်ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ ကာကွယ်ဆေးထိုးစုရပ်၌ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဦးစားပေး ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူ (၄၃၆၁)ဦးရှိပြီး ကာကွယ်ဆေး ထိုးအကြိမ်ရေ ပြည့်မှီအောင်ထိုးနှံရေး၊ ဦးစားပေးဦးတည်အုပ်စုအလိုက် ကာကွယ်ဆေး အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များ စိစစ်ထုတ်ပေးရေး အစရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့အဆင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ၊ ကျန်းမာ‌ေရးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့၌ စတုတ္ထအကျော့၊ (ပထမအကြိမ်)ကာကွယ်ဆေးကို ဦးစားပေးဦးတည်အုပ်စုအလိုက် ဒေသခံ ပြည်သူ(၆၀၀)ဦးခန့် ထိုးနှံပေးနိုင်ရန်စီစဉ်ထားကြောင်း သိရှိရသည်။

ကိုဦး