မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းဘူး(၃၀၀)နှင့် ရေသန့်ဘူးကတ်(၁၃၀)လှူဒါန်း

မင်္ဂလာဒုံ နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်းဝန်းအတွင်းတွင် ဖွင့်လှစ်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်းတွင် ယနေ့ နံနက်ပိုင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တစ်ကိုယ်ရည်သုံးပစ္စည်းနှင့် ရေသန့်ဘူးများ လှူဒါန်းသည့် အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်း စီမံခန်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ပစ္စည်းများ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး တစ်ကိုယ်ရည်သုံးပစ္စည်းဘူး (၃၀၀)ကို လှူဒါန်းရာ ဥက္ကဋ္ဌမှ လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး ရေသန့်ဘူးကတ်(၁၃၀)ကို ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်ရေးကော်မတီဝင် ဦးရန်အောင်မျိုးက ပေးအပ် လှူဒါန်ပြီး ဒုဥက္ကဋ္ဌ ဦးတင်အောင်ဆန်းက လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးမျိုးမြင့်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ပြည်ပနိုင်ငံ ကမ္ဘောဒီယား၊ ကိုရီးယား၊ မလေးရှား၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ပြန်လည်ဝင်ရောက်လာသည့် (ကျား)၅၅၉ဦး၊ (မ)၆၉ ဦးတို့ကို မင်္ဂလာဒုံထောက်ကြန့် ကိုဗစ်စင်တာတွင် ရန်ကုန်တိုင်းကျန်းမာရေး ဦးစီးဌာန၏ စီစဉ်မှုဖြင့် တင်းထားရှိပြီး တတ်နိုင်သည့်ဘက်က နိုင်သ၍ ပြုစုစောင့်ရှောက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ မြောက်ပိုင်းခရိုင် ကြက်ခြေနီ ဥက္ကဋ္ဌနှင့် မြို့နယ်တပ်ဖွဲ့မှူးများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးစခန်းမှ တာဝန်ရှိများ တက်ရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ လှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးသန့်(မင်္ဂလာဒုံ)