သတင်းများ

ငဖဲမြို့နယ် ၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအားဆက်လက်ထိုးနှံပေး
Nov 11,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုး နှံရန်ကျန်ရှိသည့် ကျောင်းသား/သူများကို ယမန်နေ့နံနက် ၉နာရီက ငဖဲမြို့နယ်အတွင်းရှိ သတ်မှတ်စုရပ်နေရာ ၃ နေရာတွင် ဆက်လက် ထိုးနှံပေးခဲ့သည်။
မြစ်သားမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်
Nov 11,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၁ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မည့် ဒိုင်းကျေးရွာအုပ်စု၊ နတ်လွှဲ (န) ကျေးရွာမှ ကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းကို ယနေ့နံနက် (၁၀) နာရီ က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Nov 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးဌာနမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေ စာရင်းများ အခမဲ့ပြုလုပ်ပေး
Nov 11,2021
  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ် အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တောတွင်ကျေးရွာသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာခရိုင်တွင် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်  ကျေးလက်ကုန် ထုတ်လမ်း နှစ်လမ်း  ဆောင်ရွက်မည်
Nov 11,2021
 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမ ၆ လ၌ ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ် ၁၂၇ သန်းကျော်ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေ စေရန် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Nov 11,2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည်။
ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် (ဒုတိယ) အကြိမ် ဆက်လက် ထိုးနှံပေး
Nov 11,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၁၈)နှစ် အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေး သည့် ကျန်းမာရေးဝန်ထမ်းများ၊
ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Nov 11,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။