နတ်မောက် နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ရုံးဝန်ထမ်းများမှ ကလေးငယ်များ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို ပြည်သူ့စာကြည့်တိုက် Page တွင် နေ့စဉ်ရိုက်ကူး လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့လွှင့်တင်ပေးရာတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ဝင်းမေထွန်း (စာထောက်-၃)မှ ကျောင်းသား/သူ လူငယ်လေးများအား သိတက်လိမ္မာ ယဉ်ကျေးပြီး ရိုသေလေးစားပြုမူပြောဆို ဆက်ဆံတက်စေရန် လူမှုဆက်ဆံရေး အရည်အချင်းများ ပြည့်ဝလာစေရန်အတွက် ယနေ့နံနက်ပိုင်းက တိုင်းလုံစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုထားသည့် “ညီညွတ်ကြမည်” ရုပ်ပြပုံပြင်စာအုပ်အား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးငယ်များအတွက် အသိပညာပေး ဗဟုသုတ ရရှိစေရန် ပုံပြင်ပြောဆိုခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ စာပေဝါသနာရှင် စာဖတ်ပရိတ်သတ် များအတွက် စာအုပ်မိတ်ဆက်ခြင်း စသည့် အသိပညာပေး အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိပြီး နတ်မောက် မြို့နယ်ရုံးပြည်သူ့ စာကြည့်တိုက် Online Page တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
လှဝင်း