ဟင်္သာတ နိုဝင်ဘာ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရန် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဆိပ်ကြီးကျေးရွာအုပ်စု၊ လှော်ဃားလှည့်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟင်္သာတ မြို့နယ်ဦးစီးမှူးဦးစိုးမြင့်အောင်၏ ကြီးကြပ်မှုဖြင့် လဝကမှူး ဦးမျိုးဝင်းအောင် နှင့်တိုက်နယ်မှူးနှင့် ရုံးဝန်ထမ်းများမှ ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်မှ(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား အရည်အချင်းပြည့်မီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ ကတ်အသစ်များ လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းသွင်းပေးခြင်း၊ အိမ်ထောင်စု စာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းများ ဆောင်ရွက် ပေးခြင်းများကို ကျား ၃၃ ဦး ၊ မ ၆၉ ဦး ၊ စုစုပေါင်း ၁၁၂ ဦးတို့ကိုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ``ပန်းခင်း စီမံချက် ´´ အသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးမြင့်အောင် ထံမှသိရသည်။
ကိုဇော်