သဲကုန်းမြို့တွင် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

သဲကုန်း နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်ပြည်သူ့‌ဆေးရုံတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိ‌နေသောဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်းများကို ထိုးနှံပေးခြင်းဖြစ်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ သည်။

ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)