မြောင်းမြ နိုဝင်ဘာ ၁၂
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက်(၉) နာရီက ချောင်းကွဲကြီးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဦးသူရအောင်နှင့် ဝန်ထမ်းများက ချောင်းကွဲကြီးကျေးရွာရှိ ပြည်သူများမှ အသက် (၁၆) နှစ်အောက်(၁၁)ဦး ၊ အသက် (၁၆-၁၈)နှစ် (၈)ဦး၊ အသက်(၁၈)နှစ် အထက်(၁၆)၊တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ်(၅) ၊ မိတ္တူ (၁၀) စုစုပေါင်း (၅၀) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စန္ဒာကြည်