ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာများ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေး

ဖြူး နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များကို ယနေ့ နံနက်(၉)နာရီက စတင်၍ မြို့န​ယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့သို့ နှိုးဆော်ရာတွင် ဖြူးမြို့နယ်အတွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းသွားသော်လည်း ရောဂါ ကွင်းဆက်ပြတ်တောက်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အချက်များ၊ မဖြစ်မနေ အရေးကြီး ကိစ္စများကြောင့် သွားလာရာ၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွား လာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါ ပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူ များ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများတွင် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် နိုဝင်ဘာ(၁၁)ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူမရှိသောကြောင့် ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၁၃၆၂)ဦး၊ သေဆုံးသူမှာ (၈၅)ဦး၊ လက်ရှိဆေးကုသမှုခံယူနေသူ စုစုပေါင်း(၇)ဦး ကျန်ရှိနေကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)