ဒေးဒရဲမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ဒေးဒရဲ    နိုဝင်ဘာ   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လေးအိမ်ကုန်းကျေးရွာအုပ်စု ၊ ကျားကုန်း ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာမြင့်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးလက်ဥပဒေများနှင့် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲရေးကိစ္စများကို ရှင်းလင်း ဆွေးနွေးခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်း ပြီးနောက် ကော်မတီဝင်(၇)ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း (ပြန်/ဆက်)