သတင်းများ

ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စုတွင် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် ၃၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က အမှတ် (၁၁)ရပ်ကွက်ရွှေပေါက်ကံ ပုဂံလမ်းမကြီး​တွင်ရှိသော YBS (၁၉) ဂိတ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍
နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် သွေးလွန်တုတ်ကွေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က သွေးလွန်တုတ်ကွေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နယ်စပ်​ဒေသဖွံ့ဖြိုးရေး (ပြည်နယ်)ရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ​​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး
Aug 15,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  နယ်စပ်​​ဒေသဖွံ့ဖြိုး​ရေး၊၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်(ပြည်နယ်)ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို
ဖား​ဆောင်းမြို့နယ်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး
Aug 15,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၊​ ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် မြို့တွင်း​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ ကြီးကြပ်ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယ​မန်​​နေ့က ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အဆင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကုန်းကျေးရွာတွင် ဒေသနှင့်ကိုက်ညီသောရေဆင်း(၁၁)မြေပဲ မျိုးများ အောင်မြင်ဖြစ်ထွန်း
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိတောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ နနွင်း၊ ပဲမျိုးစုံနှင့်ငှက်ပျောစသည့် သီးနှံများစိုက်ပျိုးကြကြောင်းနှင့် ကျောက်ဆောက် ကုန်းကျေးရွာတွင်ဒေသနှင့် ကိုက်ညီသောရေဆင်း(၁၁)မြေပဲမျိုးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။