ဖား​ဆောင်းမြို့နယ်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းစစ်​ဆေး

ဖား​ဆောင်း သြဂုတ် ၁၅

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်  မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၊​ ငွေလုံး​ငွေရင်းရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် မြို့တွင်း​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ ကြီးကြပ်ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယ​မန်​​နေ့က ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

မြို့နယ်တည်​ဆောက်​ရေး လုပ်ငန်းများကြီးကြပ်ရေး​ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် မာဃလုလင်ကုမ္ပဏီမှ တာဝန်ယူ​ဆောင်ရွက်သည့် ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက်၊ သဇင်လမ်း (၄၀​ပေ×၁၀​ပေ) ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ အမှိုက်ကျင်းလမ်း (၁၄၀​ပေ×၁၂​ပေ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြို့ပတ်လမ်း(လမ်းသွယ်-၁) (၁၅၀​ပေ×၁၂​ပေ)ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြို့ပတ်လမ်း(လမ်းသွယ်-၂) (၅၀၀​ပေ×၁၂​ပေ)ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဇွန်ပန်းလမ်း (၂၀၀​ပေ×၁၂​ပေ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ သံလွင်မြစ်ကမ်း ​မြေထိန်းနံရံ (၂၀၀​ပေ×၆​ပေ) တည်​ဆောက်ခြင်းလုပ်ငန်းနှင့် ​တောင်ပိုင်းရပ်ကွက်၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ရုံးတွင်း (၃၄​ပေ×၆၅​ပေ+၁၈​ပေ×၁၈​ပေ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့ရာ သက်ဆိုင်ရာ လုပ်ငန်းများ ​ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ခံများက လိုက်လံရှင်းလင်းပြသခဲ့​ကြောင်းနှင့် လုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ​ဆောင်ရွက်ရန် တာဝန်ရှိသူများမှ လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)