မြောက်ဥက္ကလာပမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

မြောက်ဥက္ကလာပ သြဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် ၃၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ ဆောင်ရွက်မှုရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉) နာရီ အချိန်က အမှတ် (၁၁)ရပ်ကွက်ရွှေပေါက်ကံ ပုဂံလမ်းမကြီး​တွင်ရှိသော YBS (၁၉) ဂိတ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် အမှတ်၃၅၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးလှိုင်ဝင်းအောင်က (၁၁)ရပ်ကွက် ရွှေပေါက်ကံပုဂံလမ်းမကြီးတွင်ရှိ YBS (၁၉)ဂိတ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်သတိပေး လမ်းညွှန်ချက်များ၊ တားမြစ်ခြင်းနှင့်ကန့်သတ် ခြင်းလမ်းညွှန်များ၊  မော်တော် ယာဉ်မောင်းနှင်စဉ်လိုက်နာ ရာမည့်အချက်များနှင့် မော်တော်ယာဉ်မောင်းနှင်သူသည် မီးဖွင့်မောင်းရာတွင်လိုက်နာရမည့် အချက်များ မော်တော်ယာဉ်မောင်း နှင်ရာတွင် မိမိရှေ့ကယာဉ်ကို လုံးဝကျော်တက်ခြင်း မပြုရသည့်နေရာများနှင့် ပတ်သက်၍သိရှိလိုက်နာရန်အချက်များ စသည့်တို့ကို ဟောပြောခဲ့ပြီးနောက်  တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ YBS(၁၉)ယာဉ်မောင်း(၀)ဦး တက်ရောက်ခဲ့ကြပြီး၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုအနေဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လည်းကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း လမ်းစည်းလိုက်နာစေရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)