ဖားဆောင်း သြဂုတ် ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး၊၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(ပြည်နယ်)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၈)နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရွှေရည်ဝင်းလျှံ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဖားဆောင်းမြို့နယ်၊ဝမ်အောင်း(ရှမ်း)ကျေးရွာ၊ ရွာအဝင်လမ်း အရှည်(၂)မိုင်၊အကျယ်(၁၂)ပေ၊ထု(၁၂)လက်မ၊ လမ်းခင်းခြင်းလုပ်ငန်း များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ခံများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းနှင့် လုပ်ငန်းများကို သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရန် တာဝန်ရှိသူများမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)