ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ ဩဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်အသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်အသင်း(Youth Club)အဖွဲ့ဝင် ကိုစိုင်းနောင်ဦးက စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင် ပေးပါ” စာအုပ်တွင်ပါရှိသော ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့်အတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ လူကြီးများဖြစ်လာမှာဖြစ်ကြောင်း၊ လူငယ်ဟူသည် အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင် ပို၍မှန်ကြောင်း၊ အမိမြန်မာနိုင်ငံအပါအဝင် စကြာဝဠာ ကမ္ဘာကြီးအား လူငယ်များ၏ လက်သို့မလွဲမသွေပေးကြရမည်မှာ သဘာဝနိယာမဖြစ်ကြောင်း၊ လက်ဆင့်ကမ်းယူဆောင်သော လူငယ်တို့သည် မိမိတို့၏ မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးရမည်ဖြစ်ကြောင်း၊ လွှဲပြောင်းသူနှင့် လက်ခံသူတို့၏ အသိပညာ ကွာဟမှုအပေါ်မူတည်၍ တိုးတက်ခြင်း၊ ကျဆုံးခြင်းဖြစ်ကြောင်းတို့ကို ဦးဆောင်ဆွေးနွေးသွားကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)