သတင်းများ

ရေလုပ်သားများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ကျားဖောင်လုပ်ငန်း ရှင်များက ရေလုပ်သားများအား အိမ်တောင်စုစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် တင်ပြ ချက်အရ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တည်ဆောက်ရေး လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၅)ရပ်ကွက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျှက်ရှိသည့် ၄ ခန်းတွဲ ၄ ထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဥမ္မာဒန္တီအိမ်ရာဝင်းရှိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်
Aug 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာတွင် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 15,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၅.၂၉သန်းဖြင့် အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု မိုးဆီထွက်သီးနှံ ၄၆၀၃၈ ဧကထုတ်လုပ်မည်
Aug 15,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးဆီထွက်သီးနှံ (၄၆၀၃၈ )ဧက ထုပ်လုပ်ရန်လျာ ထားဆောင်ရွက်ထားပြီး  မိုးဆီထွက်သီးနှံများတွင်  မိုနှမ်း ၄၁၁၇၆ ဧက လျာထားပြီး (၃၆၁၆၈) ဧက၊ မိုးနေကြာ ၃၂၉၁ ဧကလျာထားပြီး (၂၅၅၆)ဧက စိုက်ပျိုးကြောင်းနှင့် မိုးမြေပဲ ၁၅၇၁ ဧကစိုက်ပျိုးရန် လျာထားပြီး ၃၅၁၇ ဧက တိုးချဲ့စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
ဘားအံမြို့၌ စာပေဖတ်ရှုလေ့လာမှုအလေ့အကျင့်ဖြစ်စေရန် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာမှုဖြင့် လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ရန်  ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ခွဲ)အုန်းတပင်၊ အုန်းတပင်စာကြည့်တိုက်နှင့် အ-ထ-က(ခွဲ-၃) ကျောင်းများသို့  အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မုန်တိုင်းဘေးတုံ့‌ပြန်ရေးဆိုင်ရာ Table-Top Exercise နှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Aug 15,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် စာပေဗဟုသုတ တိုးပွားစေရန်အတွက် ဩဂုတ် (၁၃) ရက်နေ့နံနက် (၁၁)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် "စာဖတ်ဝိုင်း " ကျင်းပပြုလုပ်ခဲ့သည်။