သတင်းများ

အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးဘဏ်အကြောင်း သိကောင်းစရာ (Talk Show)ပြုလုပ်
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် ဩဂုတ်လ ၁၅ ရက်နေ့က ပြည်သူများအသိပညာ ဗဟုသုတရရှိ စေရန်အတွက် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုး‌ရေးဘဏ်ခွဲတို့ပူး‌ပေါင်းပြီး    မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အကြောင်း သိကောင်းစရာ (Talk Show ) ဆောင်ရွက်ခဲ့သည်။
လှည်းကူးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီ က ကျင်းပပြုလုပ်သည်။
မလှိုင်မြို့နယ်၊ ကျောင်းစု(အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ကျောင်းစု(အနောက်)ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ကုန်ထုတ်လမ်းနှင့် ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ရွှေတောင်စု ခေတ်မီစံပြ‌ကျေးရွာ၌ အခြေခံလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ်
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် Booster Does ထိုးနှံပေး
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Does စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အခြင်အတွယ် ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး
Aug 18,2022
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာအဖွဲ့များ ကွင်းဆင်း စစ်ဆေးသည်။
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။