သတင်းများ

ရွှေတောင်စု ခေတ်မီစံပြ‌ကျေးရွာ၌ အခြေခံလျှပ်စစ် သွယ်တန်းမှုနည်းပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲပြုလုပ်
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်‌ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဟင်္သာတခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် Booster Does ထိုးနှံပေး
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသုံးကြိမ်ထိုးနှံပြီးသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Does စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၃ နာရီအချိန်က ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အခြင်အတွယ် ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး
Aug 18,2022
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာအဖွဲ့များ ကွင်းဆင်း စစ်ဆေးသည်။
ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ
Aug 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှု ဆောင်ရွက်
Aug 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့က ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက်မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေး
Aug 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များ ကြောင့် လူမှုစီးပွားဘဝ ထိခိုက်လျက်ရှိသော ပြည်သူများအား ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုယ်တိုင် လုပ်ကိုင်စေပြီး ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် Cash for work စီမံကိန်း လုပ်ငန်းများ အကောက်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ဆည်ကုန်းကျေးရွာ တွင် Cash for work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ ဂျင်းကျောက် မြေခင်းခြင်းနှင့် စိုက်ပျိုးရေပေးမြောင်း တူးဖော်ပေးလျက် ရှိကြောင်း သိရှိရသည်။
မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု၊ အခြင်အတွယ် ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်း စစ်ဆေး
Aug 18,2022
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးအတွက် ဩဂုတ်လ(၁၆)ရက် မွန်းလွဲပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင် ရာအဖွဲ့များ ကွင်းဆင်း စစ်ဆေးသည်။
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေး
Aug 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကျောက်တံတားမြို့နယ် အမှတ်(၆)ရပ်ကွက် (၃၈)လမ်းရှိ ဗုဒ္ဓဝိဟာရဓမ္မာရုံ၌ အမှတ်(၅/၆) ရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကွင်းဆင်း၍ အသက်၁၈ နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ‌‌ပေးရာ Covaxin First Dose ထိုးနှံသူ (၁၂)ဦး၊ Covaxin Booster Dose ထိုးနှံသူ (၈)ဦး၊ Sinovac Booster Dose ထိုးနှံသူ (၄၁)ဦး၊ Myancopharm Booster Dose ထိုးနှံသူ (၁၀)ဦး စုစုပေါင်း (၇၁)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။