နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် သွေးလွန်တုတ်ကွေး အသိပညာပေး Talk Show ဆောင်ရွက်

နတ်တလင်း  သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က သွေးလွန်တုတ်ကွေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုတ်ကွေး အသိပညာ‌ပေး Talk Show  ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားအင်စပက်တော် ဦးမင်းနိုင်မှ သွေးလွန်တုတ်ကွေးရောဂါလက္ခဏာအကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားကူးစက်မခံရအောင် ကာကွယ်နည်းများ စသည်တို့​ကို ‌ဆွေးနွေးခဲ့ကြသည်။

ထိုသို့ Onlineစနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး