သတင်းများ

ဖျာပုံမြို့၌ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရေးနှင့် ဆီပြတ်လပ်မှုမရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးဆောင်ရွက်
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချစေ ရေးနှင့် စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် ယမန်​နေ့​ နေ့လယ်ပိုင်းက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော စက်သုံးဆီဆိုင်ကြီးများအား ပူးပေါင်း အဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု (၅၈၄၉၄) အိမ်ထောင်စုပြီးစီး
Aug 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု လဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းရိုက်ကူခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ သြဂုတ်လ ၁၅ရက် နံနက်၁၁နာရီအချိန်အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ဖျာပုံမြို့၌ အသက်(၆)လမှ အသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံတိုက်ကျွေး
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသက်(၆)လမှအသက် (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေ မျက်စိအားဆေးနှင့် သံချဆေးများ လိုက်လံ တိုက်ကျွေးခြင်းကို သြဂုတ်လ (၁၅)ရက်နေ့ နံနက်( ၉)နာရီအချိန်ကဖျာပုံမြို့ အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့နယ်၌ မိုးမြေပဲ၊ နှမ်းနှင့်‌နေကြာအပါအဝင် ဆီထွက်သီးနှံ ( ၅၃၄၅၂) ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း
Aug 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တောင်သူများ၏ လယ်ယာမြေများအတွင်း စိုက်ပျိုးထားရှိသော မိုးမြေပဲ၊ မိုးနှမ်းနှင့်နေကြာအပါအဝင် ဆီထွက်သီးနှံ (၅၃၄၅၂) ဧကကို ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးထားရှိ‌ကြောင်း သိရသည်။
ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်များ၏ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေးအတွက် စာပေစကားဝိုင်း ကျင်းပ
Aug 15,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး၊ စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ယမန်နေ့ မွန်းလွဲ၁နာရီအချိန်က  စာပေစကားဝိုင်း ကျင်းပပြုလုပ်သည်။
တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူများနှင့် မိသားစုဝင်များအား စားသုံးဆီတစ်ပိဿာ (၄၂၀၀)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာရောင်းချ
Aug 15,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ကြက်သွန်စိုက်တောင်သူများနှင့် မိသားစုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း Six Winner Brothers Co,Ltd ၏ ပံ့ပိုးမူဖြင့် ဦးသန်း‌ရွှေ (ခ) ဦးပြူးနှင့်သမီးများ ကြက်သွန်ပွဲရုံမှ လူတစ်ဦးလျှင် ဆီ(၁)ပိဿာ (၄၂၀၀/-) ကျပ်နှုန်းဖြင့် ကျောင်းကုန်းကျေးရွာ၊ ရွှေယမင်းဆီဆိုင်တွင် ယနေ့နံနက်(၈)နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်ပေးလျက်ရှိ
Aug 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ မြို့သစ်အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်မြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်လှစ်
Aug 15,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွား လာတတ်သော ဘေးအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ရည်ရွယ်၍ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။