တနင်္သာရီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Mar 22,2022
လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအား နည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအား မုန်တိုင်း အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန် မှစ၍ လူစည်ကားရာ အောင်မင်္ဂလာဈေးနှင့်မြို့ အဝင်/အထွက်တနင်္သာရီတံတား ထိပ်နေရာတို့တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် မိတ်ဘက်ဌာန ဆိုင်ရာများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးကြသည်။