မန္တလေး မတ် ၂၂
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာငြိမ်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်၏ အဓိပ္ပါယ်ဖွင့်ဆို ချက်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာပြသာနာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို စတင်ဆောင်ရွက်လာမှုအခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးစားပေးဆောင်ရွက်ရန်လိုအပ်လာမှုများ၊ပတ်ဝန်း ကျင်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေအကြောင်းသိကောင်းစရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)