တံတား မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် တပ်မတော်နေ့ သမိုင်းကြောင်းစာအုပ်များ၊ တပ်မတော်သားများ၏ အတ္ထုပတ္တိစာအုပ်များ၊ မြဝတီသတင်းစာများ၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ဆောင်းပါးများ၊ စစ်သည်တော်များ၏ ကဗျာစာအုပ်များ၊ စစ်သမိုင်းပြတိုက်စာအုပ်များ၊ သုတ/ရသ စာအုပ်များကို ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူများ၊ စာအုပ်စာစောင် များအား စဉ်ဆက် မပြတ်လေ့လာဖတ်ရှုကြသူများ၊ စာကြည့်တိုက်ကို အသုံးပြုတတ်သူပြည်သူများနှင့် ဌာန ဆိုင်ရာများ လာရောက်ကြည့်ရှု ငှားရမ်းခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်