ရမည်သင်း မတ် ၂၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကံမြင့်ကျေးရွာတွင် သင်္ဘောပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်္ဘောပင် နှစ်ဧကကို အပင်ရေ (၁၅၀၀) စိုက်ပျိုးနိုင်ကာ တစ်ပင်နှင့်တစ်ပင် ခုနှစ်ပေခွဲပတ်လည် စိုက်ပျိုးရပြီး သင်္ဘောမျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမားခ၊ ရေတင်ဆီဖိုးအပါဝင် စုစုပေါင်း (၅) သိန်းခန့် ကုန်ကျကာစိုက်ပျိုးပြီးနေ့မှ (၆)လအကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။
သင်္ဘောသီးများကို ဆာလာအိတ်နဲ့ထည့်ပြီး ရောင်းရတယ် တစ်အိပ်ကို (၁၁၀၀၀) ကျပ်ရရှိကာ တစ်ကြိမ်ခူးဆွတ်ရင် သိန်းနှစ်ဆယ်ကျော် ရရှိတယ် သင်္ဘောပင်က (၃)နှစ်ထိစားရတယ် စိုက်ရ ကျိုးနပ်တယ် လူလည်းသက်သာတယ် မိသားစုပုံမှန်ဝင်ငွေရရှိနေသည့်အတွက် အဆင်ပြေ တယ်ဟု သင်္ဘောသီးစိုက်ပျိုးရောင်းချသူ ဦးညွန့်ဝင်းထံက သိရသည်။
ရန်နိုင်ထွန်း(ပြန်/ဆက်)