သတင်းများ

ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များ ပုံမှန်ထုတ်ပေး
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် မြို့နယ်ကွပ်ကဲရေးအဖွဲ့အား ဖွဲ့စည်းခြင်းနှင့် အသင့်ပြင်ဆင်ထားရှိခြင်းများ ဆောင်ရွက်
Mar 22,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယခုဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် သဘာ၀ဘေးအန္တရာယ် ပေါ်ပေါက်ခဲ့ပါက ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ပြင်ဆင်ထားရှိရေး
ဘူးသီးတောင်မြို့၌ မုန်တိုင်းသတိပေးချက်အား လိုက်လံအသိပေးနှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှုအခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယမန်နေ့ ည ၈ နာရီအချိန်က ရပ်ကွက် လမ်းစုံလမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့သည်။
"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ"(Talk Show)ကျင်းပ
Mar 22,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရမည်းသင်းမြို့နယ် ကံမြင့်ကျေးရွာတွင် သင်္ဘောပင်များ  အောင်မြင်ဖြစ်ထွန်း၍ မိသားစု ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကံမြင့်ကျေးရွာတွင် သင်္ဘောပင်များ   အောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့‌တွင် ဆိုလာစနစ် ကျေးလက်ရေရရှိရေးလုပ်ငန်းများဖြင့် တောင်သူများအသုံးပြု‌အဆင်ပြေ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ်တွင် ဆောင်ရွက်သော ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများဖြင့် တောင်သူများ အဆင်ပြေ အသုံးပြု‌နေလျက်ရှိကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ ခင်းကျင်းပြသ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့သည်။
ဝမ်းတွင်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများသို့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အထက်တန်းကျောင်း(ဝမ်းတွင်း)နှင့် သဲတောဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။