သတင်းများ

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ"(Talk Show)ကျင်းပ
Mar 22,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရမည်းသင်းမြို့နယ် ကံမြင့်ကျေးရွာတွင် သင်္ဘောပင်များ  အောင်မြင်ဖြစ်ထွန်း၍ မိသားစု ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကံမြင့်ကျေးရွာတွင် သင်္ဘောပင်များ   အောင်မြင်ဖြစ်ထွန်း၍ မိသားစုပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့‌တွင် ဆိုလာစနစ် ကျေးလက်ရေရရှိရေးလုပ်ငန်းများဖြင့် တောင်သူများအသုံးပြု‌အဆင်ပြေ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘတ်ဂျတ်တွင် ဆောင်ရွက်သော ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းများဖြင့် တောင်သူများ အဆင်ပြေ အသုံးပြု‌နေလျက်ရှိကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာအုပ်ပြပွဲ ခင်းကျင်းပြသ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်း အမှတ် စာအုပ်ပြပွဲကို ခင်းကျင်းပြသခဲ့သည်။
ဝမ်းတွင်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများသို့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အထက်တန်းကျောင်း(ဝမ်းတွင်း)နှင့် သဲတောဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Mar 22,2022
လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော  အားကောင်းသည့် လေဖိအား နည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအား မုန်တိုင်း အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန် မှစ၍ လူစည်ကားရာ အောင်မင်္ဂလာဈေးနှင့်မြို့ အဝင်/အထွက်တနင်္သာရီတံတား ထိပ်နေရာတို့တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် မိတ်ဘက်ဌာန ဆိုင်ရာများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးကြသည်။
ရေနံချောင်းမြို့တွင်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သုံးဆယ့်ခြောက်ကျေးရွာအုပ်စု၊ ကြည့်မြင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
မာန်အောင်မြို့နယ်တွင် မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများ သိရှိစေရန် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းပြီး မုန်တိုင်းငယ်သတိပေးချက်အား ပြည်သူများသိရှိစေရန်နှင့် ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့ပေါ်ရပ်ကွက်များ သို့ သွားရောက်ဆောင်ရွက်ခဲ့သည်။