တနင်္သာရီမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

တနင်္သာရီ  မတ် ၂၂

လတ်တလော ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော  အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းအခြေအနေကြောင့် မုန်တိုင်းဘေးအန္တရာယ်ဖြစ်ပွားနိုင်သဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူများအား မုန်တိုင်း အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီခွဲအချိန် မှစ၍ လူစည်ကားရာ အောင်မင်္ဂလာဈေးနှင့်မြို့ အဝင်/အထွက်တနင်္သာရီတံတား ထိပ်နေရာတို့တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနနှင့် မိတ်ဘက်ဌာန ဆိုင်ရာများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေပေးကြသည်။

ယင်းသို့ အသိပညာပေးလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေပေးရာတွင်မုန်တိုင်း သတိပေး ချက်ရရှိပါက ဆောင်ရွက်ရန်၊ လိုက်နာရန်နှင့်မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ မုန်တိုင်းသတိပေးချက်အရောင်သင်္ကေတ အဆင့်(၅)ဆင့် စသဖြင့်အသိပညာပေးဆိုင်ရာများ ပါရှိပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆန်းနှင့်ဝန်ထမ်း များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်း သန်းထိုက်စိုးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ ဒု-ရဲအုပ်ဇော်မင်းနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုး မျိုးနိုင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ အသိ ပညာပေး လက်ကမ်းစာစောင်(၃၀၀)အား ဈေးရောင်းဈေးဝယ်သူများ၊ ခရီးသွားမိဘပြည်သူ ထံ အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)