သတင်းများ

မိုင်းယောင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများ ဆက်လက် ထုတ်ပေးလျက်ရှိ
Mar 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ များကို ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ငပု​တောမြို့နယ်၌  မုန်တိုင်းသတိပေးချက်များအား  ပြည်သူများ သိရှိ​စေရန် အသိ​ပေး​ကြေညာ 
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင်  မြို့နယ်အဆင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ မုန်တိုင်းသတိပေးချက်များကို အချိန်နှင့်တပြေးညီ ပြည်သူများ သိရှိ နိုင်ရေး  လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားသည့်​နေရာများတွင်  Hand Speaker ဖြင့် ယမန်နေ့ ညနေပိုင်းက အသိ​ပေး​ကြေညာလျက်ရှိကြောင်း သိရသည်။
ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေး
Mar 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ မတ်လအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။      
ကျိုက်ဒုံမြို့ အမှတ်(၁)ရပ်ကွက်၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုးကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Mar 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ရပ်ကွက် စာရေးများ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့ အမှတ်(၁) ရပ်ကွက်၌ ပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်ရေးရာဆိုင်ရာ အသိပညာဗဟုသုတများအား အသိပညာပေး ဟောပြော
Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာဗဟုသုတများ၊ အကျင့်စာရိတ္တနှင့် စည်းကမ်း ကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန်၊ အားကစားစိတ်ဓာတ် မြင့်မားလာစေရန် ရည်ရွယ်ချက် များဖြင့် လူငယ်ရေးရာဆိုင်ရာ အသိပညာဗဟုသုတ များအား အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ တွင် ပြုလုပ်ခဲ့ကြသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်စေရန် ညအချိန် မုန်တိုင်းအသိပေးချက် လှည့်လည် ကြေညာ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင် စေရန် မုန်တိုင်းသတိပေးချက်အား ယမန်နေ့ည ၈း၃၀ အချိန်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံစုပေါင်းကွန်ယက် လူမှုကူညီရေးအသင်း(ဝါးခယ်မြို့)၊ မြို့နယ် ကြက်‌ခြေနီအသင်းခွဲ တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မုန်တိုင်းအသိပေး နှိုးဆော်ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းများလိုက်လံဆောင်ရွက်
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ပြည်သူများသတိရှိရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ည ၇ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံနှိုးဆော် အသိပေးကြေငြာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်တွင် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်မည်ဖြစ်
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစား သမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း သိရသည်။