ဝမ်းတွင်းမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဝမ်းတွင်း မတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုတွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ပြည်သူများသို့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အထက်တန်းကျောင်း(ဝမ်းတွင်း)နှင့် သဲတောဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်၊၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေ စည်သူမင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာတပ်မတော်ပါ၊ တပ်မတော်၏ အစဉ်လာကောင်း(၁၂)ရပ်၊ နွေအလှနှင့်အခြားသော အသိပညာဗဟုသုတဆိုင်ရာ ဆောင်းပါး၊ ကဗျာများ ပါဝင်ကြောင်း သိရသည်။

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်မူမြစော၊ ဒုတိယဦးစီးမှူးဦးမြင့်ဇော်နှင့် ဝန်ထမ်းမျာက လူစည်ကားရာနေရာများဖြစ် သည့် ဈေး၊ကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)