ဂွ မတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယခုဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင့် သဘာ၀ဘေးအန္တရာယ် ပေါ်ပေါက်ခဲ့ပါက ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသင့်ပြင်ဆင်ထားရှိရေး၊ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးတို့အတွက် မြို့နယ် ကွပ်ကဲရေးအဖွဲ့အား ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော် အပါအဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာ (၁၄)ဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်းနှင့် အဆိုပါ မြို့နယ် ကွပ်ကဲရေးအဖွဲ့က အသင့်ပြင်ဆင်ထားရှိခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်