သတင်းများ

သောက်သုံးရေအခက်အခဲရှိသော အိမ်ထောင်စုများထံသို့ မြို့နယ်အတွင်း တာဝန်ရှိသူများ ပူးပေါင်း၍ သောက်သုံးရေများ ပေးဝေလှူဒါန်း
Mar 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်မှစတင်၍ ရေဘောက်ဆာကားများဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပ
Mar 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နွေရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံစီမံခန့်ခွဲရေးရုံး၊ ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲတို့အေးချမ်းစွာဆက်လက် ဖြေဆို
Mar 20,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ၁၇ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မော်လိုက်မြို့(အထက)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူလေးများ နွေရာသီအားလပ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ စုံညီခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Mar 20,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မူဆယ်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က အမှတ်(၃)ကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ခရိုင်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစာမေးပွဲများအား အေးချမ်းတည်ငြိမ်စွာဖြင့် ဆက်လက်ဖြေဆို
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစာမေးပွဲ တတိယနေ့အဖြစ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၇၈) ကျောင်းတို့တွင် အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ
Mar 20,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။