သတင်းများ

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) Phase 9 First dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမှတ် (၁၀) ရပ်ကွက်၊ ဟေမဝန်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်း၊ ရဟန္တာ ဓမ္မာရုံတွင် မြို့နယ်ကျန်းမာရေးဆရာဝန်ကြီး ဉီးစောအောင်ရွှေဖြူ ဉီးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ ကျား ၈၀ ဉီး၊ မ ၁၁၆ ဉီး၊ စုစုပေါင်း ၁၉၆ ဉီးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး မီးငြှိမ်းသတ်နည်း သရုပ်ပြ
Mar 30,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှုး ဦးဇော်မြင့်ထွန်းနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပေးကြေငြာချက်များ လိုက်လံစိုက်ထူ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ၊ ဈေးများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂)ခုနှစ် ဧပြီလ(၁)ရက်နေ့ကစတင်၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ပြုလုပ်ရာတွင် နိုင်ငံသားကတ် (မှတ်ပုံတင်) တပါတည်း ယူဆောင်သွားရန် ထောက်ခံစာဖြင့် ခွင့်မပြုတော့ပါ စသည့် အသိပေးကြေငြာ ချက်များ လိုက်လံစိုက်ထူခြင်းကို ၂၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့တွင် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ ဆောင်ရွက်
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်မှု မရှိစေရေး၊ နယ်မြေ‌အေးချမ်းသာယာရေးအတွက် လုံခြုံရေးစစ်ဆေးမှုများ‌ ဆောင်ရွက်ခြင်းကို ယနေ့နံနက်က  ကျုံပျော်မြို့ အင်းရဲလမ်းဆုံ စစ်ဆေးရေးဂိတ်၌  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြိုးကြာကွင်းရေလှောင်တမံ၊ ရုံးအဆောက်အဦခြံဝင်းအတွင်း ပါဝင်သွားသောလယ်မြေအတွက် လယ်ယာမြေလွှဲပြောင်းခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ပွဲကျင်းပ
Mar 30,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာရှိ ကြိုးကြာကွင်းရေလှောင်တမံနှင့် ရုံးအဆောက်အဦ ခြံဝင်းအတွင်းပါဝင်သွားသော လယ်မြေဧက (၂.၈၁) ဧကအတွက် လယ်ယာမြေလွှဲပြောင်း ခြင်းနှင့် မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန် တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ ယမန်နေ့ နံနက် ၉ နာရီခန့်က သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခု နှစ် မဟာသင်္ကြန် ပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။