သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခု နှစ် မဟာသင်္ကြန် ပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်း ငါးမျိုးစိုက်ထည့်
Mar 30,2022
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ် မြေးဆက်ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒါကချောင်း သဘာဝရေပြင် အင်းချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်းအား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူးတို့ဆိပ်‌ရေပြင်၌ ကျင်းပ ပြုလုပ်သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင် အသုံးပြုနိုင်ရေး " မိဘပြည်သူ့များသို့ အသိပေးကြေညာချက် " ဆိုင်းဘုတ်စိုက်ထူ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုစစ်ဆေးရေးဂိတ် အနီးရန်ကုန်မြို့အဝင်အမှတ် ၂ လမ်းမကြီးလမ်းသုံးခွဆုံဂိတ် အများပြည်သူများ သိရှိနိုင်မည်နေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှုးရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ
၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်း အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 30,2022
၂၀၂၂ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနှင့် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြံခင်းမြို့နယ် သောကြာဒူးအုပ်စုတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၂)လုံး ပြိုကျပြီး (၃)လုံး အမိုးလန်ပျက်စီး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်သောကြာဒူးအုပ်စုတွင် ယမန်နေ့ည (၈)နာရီအချိန်က ရုတ်တရက်မိုးရွာပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လူနေအိမ်(၂)လုံး ပြိုကျပြီး လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီ အထိ (၂၉) ရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 30,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 30,2022
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။