တောင်ဥက္ကလာပ မတ် ၂၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ၁၇ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းတွင်း စစ်နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံး စစ်ဆေးခြင်း (Year End Test) နှင့်အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာစစ်ဆေး၍ အလယ်တန်းပြီးမြောက်မှုစာမေးပွဲ (Grade- 9)နှင့် အထက်တန်းအဆင့်စာမေးပွဲများကို မတ်လ၁၇ရက်မှ ၂၃ရက်နေ့အထိ တစ်နေ့လျှင် တစ်ခုဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂)နာရီကြာဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၄၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပေါင်း(၃) ကျောင်းနှင့်ကိုယ်ပိုင် ကျောင်း(၇)ကျောင်းရှိပြီး၊ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသားကျောင်းသူများက အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)