သတင်းများ

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ် မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မြစ်သားမြို့နယ် မုန္တောကြီးကျေးရွာတွင် နွားကောင်ရေ(၁၂၀)အားပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ် ဆေးထိုးနှံခြင်းများ ဆောင်ရွက်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၇)နာရီက မုန္တောကြီး ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Mar 21,2022
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ (၇၄၄)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 21,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ( ၇၄၄)ဦး  ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် မယ်နင် ကျေးရွာအုပ်စု ကျောက်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Mar 21,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံ မတ်ပဲစိုက်တောင်သူများ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး ရောင်းချချိန်တွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိ
Mar 21,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲ စိုက်တောင်သူများအနေဖြင့် ယခုနှစ်သီးနှံများ အောင်မြင် ဖြစ်ထွန်းပြီး မတ်ပဲပေါ်ချိန် ဈေးကွက်သို့ ရောင်းချရာတွင် ယခင်နှစ်ကထက် ဈေးနှုန်းပိုမိုရရှိကြောင်း ဒေသခံမတ်ပဲ စိုက်တောင် သူများထံမှ သိရသည်။
အင်္ဂပူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးကြေညာ
Mar 21,2022
ဧရာဝတီတိုင်းဒသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးလှည့်လည် ကြေညာခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။