မော်လိုက် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစာမေးပွဲ တတိယနေ့အဖြစ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၇၈) ကျောင်းတို့တွင် အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစာမေးပွဲများတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းသားမိဘများက ကျောင်းတွင်း/ပြင်ပ လုံခြုံ ရေးများကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း မော်လိုက်မြို့နယ်တွင် အခြေခံပညာ ကျောင်းများအနေဖြင့် အထက်တန်းကျောင်း(၅)ကျောင်း ၊အထက်တန်းကျောင်း(ခွဲ) (၃) ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၁၃)ကျောင်း၊ မူလတန်း (လွန်)ကျောင်း (၉)ကျောင်း၊ မူလတန်းကျောင်း(၃၆)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း စုစုပေါင်း(၇၈) ကျောင်းရှိပြီး၊ ကျောင်းအပ်နှံသည့် ကျောင်းသား/သူ စာရင်းရှိအနေဖြင့် စုစုပေါင်း(၆၈၃၃)ဦးရှိကာ ကျောင်းတွင်းစာမေးပွဲ တတိယနေ့တွင် စာမေးပွဲလာရောက်ဖြေဆိုသူ ကျောင်းသား/သူပေါင်း (၆၅၁၈) ဦး ၊ ပျက်ကွက်သူပေါင်း (၃၁၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မော်လိုက်သားလေး