သတင်းများ

တောင်တွင်းကြီးမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာဖြေဌာန ကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာဖြေဌာနကျောင်းများအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မီးဘေးလုံခြုံစိတ်ရမှု ရှိ/မရှိ အခြေအနေများကို၊ ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦး၌ မဟာသင်္ကြ​န်စည်ကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 29,2022
ဒိုက်ဦးမြို့၌ မဟာသင်္ကြ​န်စည်ကားစွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယ​​​နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO များနှင့် လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်း များစုပေါင်း၍ ခရိုင်ပြည်သူ့ စာကြည့် တိုက်ခန်းမ၌ မတ်လ ၂၉ရက် မွန်းလွဲ ၁နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေထားသည့် "အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မပြည်သူတွေ ကွဲပြားကြဖို့လိုပါပြီနှင့်အခြား‌ဆောင်းပါးများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ဟိုပန်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 29,2022
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွှဲ ၂ နာရီအချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိန်းပန်းရှမ်းရပ်ကွက်နှင့် မိန်းပန်း(၀)ရပ်ကွက်သို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း၊ အသိပညာပေး စာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ပါသည်။
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိ‌စေရေး နေအိမ်အရောက် ကွင်းဆင်းထိုးနှံပေး
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့‌‌ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ ကာကွယ်‌ဆေးကို ပြည်သူများထိုးနှံရန် မကျန်ရှိ‌စေရေးအတွက် နေအိမ်များ အရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဟင်္သာတတက္ကသိုလ် အသုံးချဘာသာရပ် (Applied Subject)များ တိုးချဲ့ သင်ကြားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဟင်္သာတတက္ကသိုလ် ပင်မလေးထပ်ဆောင် အစည်းဝေးခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတတက္ကသိုလ် အသုံးချဘာသာရပ် (Applied Subject)များ တိုးချဲ့ သင်ကြားနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စလင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအလိုက် အခြေခံ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို မတ်လ ၂၁ ရက်နေ့ မှစတင်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများက စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေး
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် စာစစ်ဌာန (၇) ခု ဖွင့်လှစ်ထားရှိသော ကျောင်းများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။