သတင်းများ

သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ “ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ ရှင်းလင်းတင်ပြခြင်း” အခမ်းအနား ကျင်းပပြုလုပ်
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ “ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာရှင်းလင်း တင်ပြခြင်း” အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊(OSS)ရုံးခန်း၌ ကျင်းပပြုလုပ်ကြသည်။
ဟိုင်းကြီးကျွန်းမြို့၌ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု သိကောင်းစရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရာဇဝတ်မှုခင်းများဖြစ်ပွားနှုန်း နည်းပါးကာ ပြည်သူများတရားဥပဒေစိုးမိုးမှု၏ အနှစ်သာရကိုသိရှိစေရန်ရည်ရွယ်၍ ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်မှု သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၀၉း၀၀) နာရီအချိန်က ကံချိုင်ကျေးရွာ၊ ဆိုင်ကလုန်းရှယ်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ်” စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ ပြပွဲနှင့် ဆေးကုသခြင်းများ ပူးပေါင်းဆောင်ရွက်
Jul 21,2026
‎‎ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျုံးကျေးရွာအုပ်စု၊ ဂေါ်ရာကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ပြုလုပ်သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ် သင်တန်း (TOT) ဖွင့်လှစ်
Jul 21,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဥပဒေရုံးမှ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့်၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိရေး၊ ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိရေးတို့ကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက်၊ ဥပဒေ အသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
ဘိုကလေးမြို့နယ်တွင် “မြို့သန့်ရှင်းသာယာလှပရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
Jul 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၏ ဦးဆောင်ကျင်းပမှုတို့ဖြင့် မြို့သန့်ရှင်းသာယာလှပရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပသည်။
ညောင်ဦးမြို့ ငါးလုပ်ငန်းဦးစီးဌာန၊ မြစိမ်းရောင်(ငါးကဏ္ဍ) မတည်ငွေကျပ်သိန်း ၃၀၀ ဖြင့် ကွန်ကရစ်လမ်းခင်းပေး
Jul 21,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ညောင်ဦးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန မြစိမ်းရောင်(ငါးကဏ္ဍ) မတည်ငွေ ကျပ်(၃၀၀)သိန်းမှ အတိုးရရှိငွေဖြင့် ညောင်ဦးမြို့နယ် အရှေ့ပုလင်းကျေးရွာ၊ တောင်မြောက်အလယ်လမ်းမကြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။