သတင်းများ

မိုင်းရယ် အထကတွင် လူငယ်အသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 21,2022
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ယနေ့နံနက် (၈:၃၀)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ပါသည်။
ကလောမြို့နယ်၌ နွေရာသီ အခြေခံအားကစားနည်း သင်တန်းများ ဖွင့်လှစ်မည်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီအား လပ်ရက်များတွင် အခြေခံ အားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် နွေရာသီ အခြေခံအားကစား သင်တန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက် စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၇၁၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၀၂၀)စု ထုတ်ပေးပြီးဖြစ်
Mar 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင်ရှေ့တန်းရုံးမှ ပုံပါကျင်မြို့‌ပေါ်နှင့်‌ ကျေးရွာအုပ်စုများအတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်၌ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များ အသိပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း သတိပေးချက် နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည(၇)နာရီ ခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း“အိုမီခရွန်”ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်
Mar 21,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖျာပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေးနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေး နှိုးဆော်ရာတွင်ဘ င်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ (၅)နာရီ အချိန်မှစတင်၍ ပင်လယ်ကမ်းခြေဒေသများနှင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မုန်တိုင်းသတိပေးချက်အား ပြည်သူများသိရှိစေရန် လိုက်လံနှိုးဆော်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ မုန်တိုင်းငယ် သတိပေး ထုတ်ပြန်ချက်အား ပြည်သူများသတိပြုသိရှိ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် ယမန်နေ့ည(၆)နာရီခွဲအချိန်က ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ လမ်းဆုံများနှင့် လူစည်းကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသ
Mar 21,2022
၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များပြသခြင်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ အထက(၁)၌ ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။