ဖျာပုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေးနှိုးဆော်

ဖျာပုံ မတ်၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေ ကျေးရွာများတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိ‌ပေး နှိုးဆော်ရာတွင်ဘ င်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ (၅)နာရီ အချိန်မှစတင်၍ ပင်လယ်ကမ်းခြေဒေသများနှင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများကို ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပင်လယ်ကမ်းခြေဒေသများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေနှင့်နီးသည့် အိမ်များ စသည့် နေရာများတွင် မုန်တိုင်းအန္တရာယ်အသိပေး နှိုးဆော်ချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်အချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန်နှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးခြင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခိုက်နိုင်သည့်အတွက် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ကြောင်း အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

အောင်ဝင်းနိုင်