ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း မေယု FM ရေဒီယိုဖမ်းယူရရှိမှု အခြေအနေအား တစ်အိမ်တက်၊ တစ်အိမ်ဆင်း စစ်တမ်းကောက်ယူ ကွင်းဆင်းဆောင်ရွက်
Mar 20,2022
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ် လေ့လာမှုအစီရင်ခံစာ (Preliminary Needs Assessment-PN) တွင် ပါဝင်သော အကြံပြုချက်များနှင့်အညီ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအတွက် အာဆီယံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများအကြား နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမအဆင့်ဦးစားပေး စီမံကိန်း (၇)ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အတွင်း၌ မေယု FM ရေဒီယိုအစီအစဉ်များကို ဖမ်းယူနားဆင်မှုနှင့် ပတ်သက်၍ ပရိသတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်၍ ဘူးသီးတောင်မြို့ မြို့ပေါ်ရပ်ကွက်ရှိ သပြေကုန်းရပ်ကွက်၊ မြို့သစ်တောင်ရပ်ကွက်၊ မီးရထားဆိပ်ရပ်ကွက်၊ တောင်ရပ်ကွက်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။