ကျိုက်လတ် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်း သတိပေးချက်နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည(၇)နာရီ ခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
အသိပေးချက်များတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ် သတိပေးချက်တွင်ပါဝင်သော မုန်တိုင်းငယ်အခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့်လေတိုက်နှုန်း၊ နောက် (၃၆) နာရီအတွင်းခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များကို အသိပေး နှိုးဆော်ခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများအလိုက်မိဘပြည်သူများကို အသိပေးကြေညာရန်လည်း ညွှန်ကြားထားကြောင်းသိရသည်။
ရီရီမြင့်