ပုံပါကျင်မြို့၌ ပန်းခင်းစီမံချက် စတင်ဆောင်ရွက်ချိန်မှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၇၁၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂၀၂၀)စု ထုတ်ပေးပြီးဖြစ်

ပုံပါကျင် မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုံပါကျင်ရှေ့တန်းရုံးမှ ပုံပါကျင်မြို့‌ပေါ်နှင့်‌ ကျေးရွာအုပ်စုများအတွင်း ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ၂ဝ၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့ မှ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ (၁၈)လ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ပုံပါကျင်မြို့‌ ပေါ်ရပ်ကွက်များနှင့်‌ကျေးရွာများ အတွင်း ယနေ့အထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၈၇၁၅)ဦးနှင့် အိမ်ထောင်စု (၂၀၂၀)စု အတွက် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပုံပါကျင်ရှေ့တန်းရုံးတာဝန်ခံ လဝကမှူး ဦးမြင့်မိုးထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ရှိမြို့ပေါ်ရပ်ကွက်များ နှင့်ကျေးရွာအုပ်စုများရှိပြည်သူ များထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံး စာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ပြောင်းထွက်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျန်ရှိနေသည့် ကျေးရွာများသို့လည်း သွား‌ရောက်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)