သတင်းများ

ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော (၁၈) နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေး
Mar 20,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသော အသက် (၁၈) နှစ်အထက် ပြည်သူများကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) အချိန်တွင် ဆေးထိုးအဖွဲ့ (၈) ဖွဲ့ဖြင့် ရပ်ကွက် (၄) ရပ်ကွက်အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့ မြို့မစည်ပင်သာသာစျေး၌ စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများ သွားရောက်ကွင်းဆင်းမေးမြန်း
Mar 20,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးခင်မောင်ဇံနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းကာ မြို့မစည်ပင်သာယာစျေး၌ စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအခြေအနေ များအား ယနေ့နံနက် ၉ နာရီအချိန်က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် မြို့မရဲစခန်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်
Mar 20,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မြို့မရဲစခန်းအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ်လျှပ်စစ်တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်၌ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ လိုက်လံအသိပေးနှိုးဆော်
Mar 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ယမန်နေ့ညနေ (၆) နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒညွန်ကြား‌မှု ဦးစီးဌာနထုတ်ပြန်ချက်များတွင် မုန်တိုင်းငယ်သည် ကိုကိုးကျွန်းမြို့အနီးသို့ ဖြတ်သန်းသွားမည်ကို ထုတ်ပြန်ထား‌ကြောင်း၊ မိဘပြည်သူများအနေဖြင့် မုန်တိုင်းမကျမီ ကြိုတင်ပြင်ဆင်ရမည့် အောက်ပါအချက်များကို ကြိုတင်ပြင်ဆင်
မလှိုင်မြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 20,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်အ.ထ.က (ဧရာဝတီ) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်တော်မြို့နယ်အတွင်း လှည့်လည်အသိပေး ဆော်သြ
Mar 20,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ ၄ နာရီ အချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေး ဆော်သြခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့၌ နိုင်ငံတော် ဩဝါဒါစရိယ မင်းကျောင်းပရိယတ္တိစာသင်တိုက် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်၏ ခန္ဓာဝန်ချ(၁)လပြည့် အထိမ်းအမှတ် ပူဇာသဘင် ကျင်းပ
Mar 20,2022
နိုင်ငံတော် ဩဝါဒါစရိယ မင်းကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန မဟာနာယက ဖြစ်တော်မူသော ကျေးဇူးတော်ရှင် သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တသေဋ္ဌိလာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု ၊ အဂ္ဂမဟာပဏ္ဍိတ ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်၏ ခန္ဓာဝန်ချ(၁)လ ပြည့်အထိမ်းအမှတ် ပူဇာသဘင်ကို ယနေ့နံနက် ၉နာရီအချိန် က လွိုင်ကော်မြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးကြေညာခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင် နိုင်ရေးအတွက် အသိပညာပေး ကြေညာခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကားရာနေရာများ၊ ဈေးများ၊ သင်္ဘောဆိပ်၊ ကူတို့ဆိပ်များတွင် ဆောင်ရွက်ခဲ့သည်။