ညောင်ဦး မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကောင်းပင်စည်ကျေးရွာ ကောင်းပင်စည်မြောက်တဲတိုက်သို့ ယနေ့ နံနက် ၈ နာရီခွဲအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း ထံကသိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကောင်းပင်စည်မြောက်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကောင်းပင် စည်မြောက်တဲတိုက်အတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၀၉၄၆၀ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD